မေမြို့မိုးက Cbox မှာလာပြောသွားပါတယ်..အမပစ်ပစ်ရေ ..တက်ဂ်ထားတယ်တဲ့ ..ရေးပေးပါဦးတဲ့..
သူတက်ဂ်ထားတဲ့ ခေါင်းစဉ်လေးကတော့ ဘင်္ဂလားနဲ့ မြန်မာ ငြင်းခုန်နေကြတဲ့ ကိစ္စပါဘဲ..
အခုတော့ အဖြေထွက်သွားပါပြီ... အဲဒီအဖြေက မျှတသလား မမျှတဘူးလားဆိုတာ တော့
ကျမလည်းမသိဘူး.... Facebook မှာတော့ အဲဒီကိစ္စကို တော်တော်များများ ရေးနေကြ တင်နေကြတာ
တွေ့ရပါတယ်...ဖတ်တော့ ဖတ်တယ်..ကျမလည်း ကိုယ်သေချာနားမလည်တဲ့ကိစ္စမို့လို့
ဘာမှကိုဝင်မပြောတတ်တာတော့ အမှန်ပါဘဲ ...။။
(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။
တချို့ကလဲပြောကြတယ် ဘင်္ဂလားအနိုင်ရသွားတာမဟုတ်ပါဘူးတဲ့...
http://www.facebook.com/groups/381908758489238/405904682756312/?comment_id=405927876087326#!/notes/naing-htoo-aung/ရေပိုင်နက်အရေး-မြန်မာရှုံးတယ်တဲ့လား/3706708029538
(facebook မှာ တင်ထားတာလေးတွေ့လို့ ပါ...)
တချို့ကလည်းပြောကြတယ်...မြန်မာရှုံးတယ်တဲ့ ...တယောက်နဲ့တယောက်ကတော့ အမြင်ချင်း
မတူနိုင်ကြဘူးပေါ့လေ....
(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။
အရမ်းစိတ်မကောင်းဖြစ်ရပါတယ်...မချင့်မရဲ လည်းဖြစ်ရပါတယ်...ဖြစ်ရလေ ဆိုပြီးတော့လည်း
ခံစားမိပါတယ်.... facebook မှာ အမ ကလိုရီ (အမနမ်းမဝ) တင်ထားတဲ့ စာလေးကိုလည်း
တွေးမိပါတယ်..အိမ်ထဲမှာရန်ဖြစ်နေတာနဲ့တင် အိမ်နောက်ဖေးမှာ လှမ်းထားတဲ့လုံခြည်..သူများ
အခိုးခံလိုက်ရတယ်ဆိုတဲ့ စာသားလေးပါ...အဲစာသားလေးအရမ်းမှန်ပါတယ်...။။
ဒါကြောင့် ကျမမြင်တာကတော့ ကျမတို့မြန်မာမရှုံးပါဘူး..သူတို့ခိုးသွားတာ ခံလိုက်ရတာပါ ...
ကျမတို့ပေးလိုက်ရတာ မဟုတ်ပါဘူး...သူတို့တွေ ခိုးလိုက်တာပါ..
(၃) တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..။
ဘယ်လိုမှလုပ်လို့ မ၇တော့ဘူးလေ...။။ တာဝန်ရှိတဲ့ခေါင်းဆောင်တွေတောင် ဒီအဖြေကို လက်ခံ လိုက်ရမှတော့ ...ကျမတို့လို့ ပြည်သူတွေ ဘာလုပ်လို့ရတော့မှာလဲ...
ပြီးသွားပြီလေ... ပြန်မှမရနိုင်တော့တာ....
နောက်ထပ်..နောက်ထပ် အဲလိုဖြစ်ရပ်တွေ..အဲလိုအဖြစ်မျိုးတွေ ထပ်မဖြစ်လာဖို့
ဆုတောင်းရုံဘဲရှိတော့တာပေါ့......။။။။။
ကျမတို့တိုင်းပြည်မှာ အလိုအပ်ဆုံးက ဘာလဲ..????? ဆိုတာ ကို အားလုံးသေချာ သဘောပေါက်သင့်ပြီလို့လည်း ထင်ပါတယ်...။။။။
(တယောက်နဲ့ အမြင်ချင်း ခံစားချက်ခြင်း မတူနိုင်ကြတဲ့အတွက် ကွဲလွဲ မှု့လေးတွေရှိခဲ့မယ်ဆိုရင်လည်း နားလည်ပေးပါလို့ ပြောပါရစေ ..)