မရေရာတဲ့လောကကြီးထဲ
အရေရာအသချာဆုံးက..
ဘယ်အရာမှမတည်မြဲတာပါဘဲ...
အသက်ပြင်းပြင်းရူနေတတ်တဲ့
နေမင်းတောင်
အခုတလောသက်ပြင်းတွေ
ခဏခဏချနေတယ်...
လေတိုးသံသဲ့သဲ့လေးကြား
တရှပ်ရှပ်နဲ့လွင့်ပါလာတဲ့
သစ်ရွက်ခြောက်တရွက်ရဲ့
ကြွေလွင့်သွားပုံလေးက
သံဝေဂ...ရစရာလေးဘဲ
တယောက်နဲ့တယောက်
လိမ်..ညာ...လှည့်ဖျား..မှ
နေရာကောင်းတစ်ခုရတဲ့
လောကကြီးထဲ
ငါလည်း...
အဖြူရောင်မဟုတ်တော့တာ
တော်တော်ကြာနေပြီ
နေ့တိုင်း..ညတိုင်း
မုသားတွေကိုဝါးမျို
မဟုတ်တန်းတရားတွေဆိုလို့
ဒီစကားလုံးအက်ဆစ်တွေက
ပြန်တိုက်စားနေတာကြာပြီ
အော်...
ရက်တွေ..လတွေ..နှစ်တွေ..
ကုန်တာလည်းမြန်လိုက်တာနော်..
သတိရမိလို့..ကိုယ့်ကိုကိုယ်
ပြန်ငုံကြည့်မိတယ်...
နှလုံးသားကစကာပေါက်ဖြစ်လို့
အရောင်တွေက
ညစ်ထပ်ထပ်နဲ့....
ရွံစရာကောင်းလိုက်တာလား
သနားစရာကောင်းတာလား...
သေသေချာချာတောင်မခွဲခြားနိုင်တော့ဘူး..
ဆက်မကြည့်ရဲတော့လို့
ခပ်မြန်မြန်ဘဲ..မျက်စိမှိတ်ပစ်လိုက်တယ်....။။။။
(30.1.2011..AM 1:38 )
(ကျမဒီကဗျာကို..ခေါင်းစဉ်မစဉ်းစားတတ်ဘူး...
တကယ်လို့စဉ်းစားမိတယ်ဆိုရင်အောက်မှာရေးခဲ့ပေးပါ )